ဂျေရုဆလင်မြို့/ရှိ ယုံကြည်သူများ/အတွက် လှူဒါန်းခြင်း
9
ဂျေရုဆလင်မြို့/ရှိ ယုံကြည်သူတို့a/ကို လှူဒါန်းသော/အမှု/အကြောင်း/နှင့်/ပတ်သက်၍ သင်တို့/ထံ ကျွန်ုပ်/စာရေး/ရန် မလိုအပ်ပေ။ 2 လှူဒါန်း/လိုသော သင်တို့/၏/စေတနာစိတ်/ကို ကျွန်ုပ်/သိ၏။ ထိုသို့/စေတနာစိတ်/ရှိကြောင်း/ကို မာကေဒေါနိပြည်သားတို့/အား “အခါယပြည်/၌/ရှိသော ညီအစ်ကိုတို့/သည် လွန်ခဲ့သော/နှစ်/ကတည်း/ကပင် လှူဒါန်း/ရန် အသင့်/ရှိကြပြီ” ဟု ဂုဏ်ယူဝင့်ကြွား/စွာ ကျွန်ုပ်/ပြောပြထား၏။ ထိုအခါ သင်တို့/၏ စေတနာစိတ်/သည် သူတို့/အားလုံး/နီးနီး/ကို နှိုးဆော်စေခဲ့၏။3 ထို့ကြောင့် သင်တို့/အကြောင်း/နှင့်/ပတ်သက်၍ ကျွန်ုပ်တို့/ဂုဏ်ယူဝင့်ကြွား/စွာ ပြောပြထားသော/အရာ/သည် အပြော/သက်သက်/မဟုတ်ကြောင်း သက်သေပြ/ရမည်။ ကျွန်ုပ်/ပြောပြထားသည့်/အတိုင်း သင်တို့/သည် အသင့်/ပြင်ဆင်ထားကြ/ရန် ဤ/ညီအစ်ကိုများ/ကို သင်တို့/ထံ စေလွှတ်လိုက်၏။ 4 ထိုသို့/မဟုတ်ဘဲ မာကေဒေါနိပြည်သား/တချို့/သည် ကျွန်ုပ်/နှင့်အတူ သင်တို့/ထံ/ရောက်လာ/၍ သင်တို့/၌ အသင့်/ပြင်ဆင်ထားခြင်း/မရှိသည်/ကို တွေ့ရ/လျှင် သင်တို့/သာမက ဤ/အမှု/၌ သင်တို့/ကို စိတ်ချယုံကြည်ထားသော ကျွန်ုပ်တို့/သည်လည်း အရှက်ကွဲရကြ/လိမ့်မည်။ 5 ထို့ကြောင့် သင်တို့/ကတိပေးထားသည့်/အတိုင်း လှူဒါန်းခြင်း/ကို အသင့်/ပြင်ဆင်/စေရန် တိုက်တွန်း/၍ ဤ/ညီအစ်ကိုများ/ကို သင်တို့/ထံ ကြိုတင်/စေလွှတ်/သင့်သည်/ဟု ကျွန်ုပ်/ယူဆမိ၏။ သို့မှသာ ဖိအားပေးခြင်း/ကြောင့် လှူဒါန်းခြင်း/မဟုတ်ဘဲ ရက်ရောသော/စေတနာစိတ်/ဖြင့် လှူဒါန်းခြင်း ဖြစ်/လိမ့်မည်။
6 မျိုးစေ့/အနည်းငယ်/သာ ကြဲသောသူ/သည် အနည်းငယ်/သာ ရိတ်သိမ်းရ/လိမ့်မည်။ များစွာ/ကြဲသောသူ/သည် များစွာ ရိတ်သိမ်းရ/လိမ့်မည် ဟူသော/အချက်/ကို သတိပြုလော့။ 7 လူတိုင်း မိမိ/စိတ်/ထဲ၌ လှူဒါန်း/ရန် ဆုံးဖြတ်ထားသည့်/အတိုင်း လှူဒါန်း/သင့်၏။ နှမြောသော/စိတ်/ဖြင့် သော်လည်းကောင်း၊ ဝတ္တရား/အရ/ဟူသော/စိတ်/ဖြင့်/သော်လည်းကောင်း မလှူဒါန်းရ။ ဘုရားသခင်/သည် စေတနာစိတ်/ဖြင့် ရက်ရော/စွာ လှူဒါန်းသော/သူ/ကို နှစ်သက်တော်မူ၏။ 8 ဘုရားသခင်/သည် သင်တို့/အတွက် ကျေးဇူးတော်/တိုင်း/ကို ကြွယ်ဝ/စွာ ပေးသနား/ရန် တတ်နိုင်တော်မူ၏။ ဤ/သည်/မှာ လိုအပ်သော/အရာများ/ကို အစဉ်/ရရှိခြင်း/အားဖြင့် သင်တို့/သည် ကောင်းမှု/တိုင်း/တွင် ကူညီမစ/နိုင်ရန်/ဖြစ်၏။ 9 ကျမ်းစာ/၌
“သူ/သည် ဆင်းရဲသော/သူတို့/အား ရက်ရော/စွာ ပေးကမ်း/စွန့်ကြဲ၏။
သူ/၏ ဖြောင့်မတ်ခြင်း/သည်လည်း ထာဝရ/တည်မြဲ/လိမ့်မည်”b
ဟု ရေးသားထား၏။
10 မျိုးကြဲသူ/အတွက် မျိုးစေ့/နှင့် စားစရာ အစာ/ကို ပေးတော်မူသော/အရှင်/သည် သင်တို့/အတွက် မျိုးစေ့/ကို ပေး/၍ ပွားများစေ/တော်မူ/လိမ့်မည်။ သင်တို့/၏ ဖြောင့်မတ်ခြင်း/မှ ထွက်သော အသီးအပွင့်များ/ကိုလည်း တိုးပွားစေတော်မူ/လိမ့်မည်။
11 သင်တို့/သည် စေတနာစိတ်/ဖြင့် အစဉ်/လှူဒါန်း/နိုင်ရန် ကိုယ်တော်/သည် သင်တို့/အား နည်း/အမျိုးမျိုး/ဖြင့် ကြွယ်ဝစေတော်မူ/လိမ့်မည်။ ကျွန်ုပ်တို့/သည် သင်တို့/၏ အလှူ/ကို လိုအပ်သော/သူတို့/ထံ ယူဆောင်သွား/သောအခါ သူတို့/သည် ဘုရားသခင်/ကို ကျေးဇူးတင်ကြ/လိမ့်မည်။ 12 သင်တို့/၏/လှူဒါန်းခြင်း/အမှု/သည် ယုံကြည်သူတို့/၏/လိုအပ်ချက်များ/ကို ဖြည့်ဆည်းပေးသည်/သာမက ဘုရားသခင်/ကို ကျေးဇူးတင်သူများ/လည်း တိုးပွားလာစေ၏။
13 သင်တို့/၏ လှူဒါန်းခြင်း/အမှု/ကြောင့် လက်ခံရရှိသော/သူတို့/သည် ဘုရားသခင်/ကို ချီးမွမ်းကြ/လိမ့်မည်။ သူတို့/မှစ၍ ယုံကြည်သူ/အပေါင်းတို့/အား ရက်ရော/စွာ လှူဒါန်းခြင်း/သည် ခရစ်တော်/၏ သတင်းကောင်း/ကို သင်တို့/နာခံကြောင်း သက်သေပြ/လိမ့်မည်။ 14 သင်တို့/အား ဘုရားသခင် ပေးသနားတော်မူသည့် သာလွန်ထူးကဲသော/ကျေးဇူးတော်/ကြောင့် သူတို့/သည် သင်တို့/ကို ချစ်ခင်/လျက် သင်တို့/အတွက် ဆုတောင်းပေးကြ/လိမ့်မည်။ 15 ပြော/၍ မကုန်/နိုင်အောင်/ဖြစ်သော ဘုရားသခင်/၏ ဆုကျေးဇူးတော်/အတွက် ချီးမွမ်းကြပါစို့။